တစ်ချို့က လေ့ကျင့်ခန်းလုပ်နိုင်စွမ်းကလည်းမြင့်နေပြီ။ - MFTA

တစ်ချို့က လေ့ကျင့်ခန်းလုပ်နိုင်စွမ်းကလည်းမြင့်နေပြီ။

တစ်ချို့က လေ့ကျင့်ခန်းလုပ်နိုင်စွမ်းကလည်းမြင့်နေပြီ။ ဒါပေမယ့် စာဖတ်လွန်ပြီး Boundary တွေ ၊ Limit တွေ နဲ့ ပိတ်မိနေကြတာရှိတယ်။

ကိုယ့်ဘာသာ ဖောက်ထွက်တွေးဖို့နဲ့ လုပ်နိုင်စွမ်းကိုယုံကြည်ဖို့လိုတယ်။

ဥပမာ Bodyweight လေ့ကျင့်ခန်းတစ်ခုခုကို

၁၂ ကြိမ် ၃ ကြော့ ၊

၁၅ ကြိမ် ၄ ကြော့ ၊

အကြိမ် ၂၀ ၃ ကြော့ ၊ စသဖြင့် သတ်မှတ်တာမျိုးတွေ ၊ အမှန်က ဒီထက်မကလုပ်နိုင်နေသေးတာမျိုး။

အလေးနဲ့ပဲဆော့ဆော့ ၊ Bodyweight လေ့ကျင့်ခန်းပဲလုပ်လုပ် ၊ ကြွက်သားကြီးထွားဖို့ပဲ ဖြစ်ဖြစ် ၊ ခွန်အားလေ့ကျင့်တာပဲဖြစ်ဖြစ် ၊ Failure အထိကစားရမှာပါပဲ။

အခုမှပေါ်လာတဲ့ Research လည်းမဟုတ်ဘူး။ Repetition Continuum ဟာ အစကတည်းက ဒီသဘောတရားကိုပဲသုံးတာဖြစ်ပါတယ်။

ဆိုကြပါဆို့

Hypertrophy အတွက် အလေးဝန် 1 RM ရဲ့ 75 % ကို ၈ ကြိမ် မှ ၁၂ ကြိမ်သည် အကောင်းဆုံးရွေးချယ်မှုလို့ ညွှန်ကြားချက်ရှိတယ်ထားပါတော့။

သတ်မှတ် % ပြင်းအားရှိတဲ့ အလေးဝန်အတိုင်း ပထမအကြော့ ရွေးချယ်လုပ်နိုင်တဲ့ အကြိမ်ရေက ၁၂ ကြိမ်ဆိုရင် ၊

ဒုတိယ အကြော့မှာ ဒီအလေးဝန်အတိုင်း ၁၂ ကြိမ် ထပ်ရစရာ အကြောင်းမှမရှိတာ၊

ဒါပေမယ့် Bodyweight လေ့ကျင့်ရေးသည် ပျမ်းမျှအားဖြင့် Endurance Training က Common ဖြစ်တာရယ်

မပြောင်းလဲတဲ့ ကိုယ်အလေးချိန်ရယ်ကြောင့် Repetition Continuum ဟာ အလုပ်မလုပ်ပါဘူး။

#SirWaiYanPhyo

#MFTA#FitnessEducator

#HPS#HumanPerformanceSpecialist

#PPSC#PainFree#PerformanceSpecialist

#GoTogether#GrowTogether

#PBSC

#PerformMax

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta