တက်စတိုစတီရုန်းလျော့ကျစသော အမူအကျင့်ငါးခု - MFTA

တက်စတိုစတီရုန်းလျော့ကျစသော အမူအကျင့်ငါးခု

အမျိုးသားတိုင်း သက်ရှည် ကျန်းမာရေးအတွက် အဓိကဇာတ်ဆောင် ဟိုမုန်းက တက်စတိုစတီရုန်းပါပဲ။ သူ့ ရဲ့ ကောင်းကျိုးတွေက တောင်ပုံ ယာပုံပါပဲ။ ဒီpost မှာတော့ ၎င်းဟိုမုန်းကို လျော့ကျစေတဲ့ဂရုပြု ပြုပြင်ရမဲ့ အမူအကျင့် ငါးခုကိုမျှဝေပေးလိုက်ပါတယ်။

၁- လှုပ်ရှားမှု မရှိခြင်း (inactivity) သည်ကိုယ်တွင်းရောဂါများရဲ့ အခြေခံအကြောင်းတရားဖြစ်ပီး၊ ကိုယ်တွင်းမှ အီစထရိုဂျင် ဟိုမုန်းများအထွက်တိုးစေသည့် အရင်းအမြစ်ဖြစ်သည်။ တက်စတို စတီရုန်းနှင့် အီစထရိုဂျင်သည် ပြောင်းပြန်အချိုးကျပါသည်။ အီစထရိုဂျင်များလေလေ တက်စတိုစတီရုန်း နည်းလေလေ ဖြစ်ပါသည်။

၂- လုံလောက်စွာ မအိပ်ခြင်းအိပ်ရေးမဝခြင်းကြောင့် တက်စတိုစတီရုန်းလျော့ကျသွားကြောင်း သုတေသနများစွာရှိပါသည်။

၃-အယ်လ်ကိုဟော သောက်သုံးခြင်း

၄- စားသောက်ပုံမမှန်ခြင်း ဤအချက်ကတော့ အကျယ်ချဲ့လျင် ချဲ့သလောက်ပြောစရာတောင်ပုံ ယာပုံရှိနေမဲ့ ခေါင်းစဉ်ဖြစ်သည်။ ဒါကြောင့် လူအတော်များများ ဂရုမပြုမိတဲ့ အချက် ၂ ချက်ကို တင်ပြပါမည်။

ကာဗိုဟိုက် လျော့လွန်း/များလွန်းသော စားသောက်မှုပုံစံပါ။ ကာဗိုဟိုက်ဒရိတ် အစားများလွန်းခြင်းသည် မကောင်းဟု သိထားကြသော်လည်း ကာဗိုဟိုက်ဒရိတ် အလွန်လျော့စားခြင်းသည်လည်း လုံးးးးဝ မကောင်းပါ။ Balance Diet ဖြစ်ရပါမည်။

အဆီလျော့လွန်း/ များလွန်းသောစားသောက်မှုပုံစံ။ အဆီလျော့စားလွန်းလျင် တက်စတိုစတီရုန်းထွက်ရှိမှုအတွက် အထောက်အပံ့မပေးနိုင်ပါ။ အဆီအစားများလွန်းလျင်လည်း အဝလွန်ခြင်းနှင့်ရောဂါဆိုးများ ဖြစ်စေနိုင်ပါတယ်။ ဒါဆို balanceဖြစ်အောင် အဆီတနေ့ကို ဘယ်လောက်အထိ စားလို့ရသလဲ???? တနေ့တာလိုအပ်တဲ့ ကယ်လိုရီရဲ့ ၃၀%မှ၄၀% အထိရပါတယ်။ ဒါပေမဲ့ saturated fat နဲ့ Trans Fat ကိုတော့ အထူးသတိပြုလျော့ချရမှာပါ။ ကိုယ်အလေးချိန်လည်း ထိန်းထားဖို့ ဆိုရင်Daily calories need ထဲက အနည်းငယ်Deficit ဖြစ်ရပါမယ်။

တနေ့ တာလိုအပ်တဲ့ကယ်လိုရီ ဘယ်လိုသိမလဲ? လွယ်ကူတဲ့တွက်နည်းစနစ်တွေသိချင်ရင် ကျွန်တော့်ရဲ့ Myanmar Fitness Trainer Academy ကဖွင့်တဲ့ Online သင်တန်းတွေJoin လို့ ရပါတယ်

၅-Stress

တချို့ မိတ်ဆွေတွေပေါ့ဗျာ၊ ဆုံလည်ကုလားထိုင်ပေါ်မှာဖြစ်စေ၊ ကုတင်ပေါ်မှာဖြစ်စေနှပ်နေပီး၊ စားချင်တာလေးစားပီး တလောကလုံးကအပူတွေသူ့ ဆီရောက်နေသလို ကြောင် အဝှာပူသလို ကိုယ့်ကိုကိုယ်အတွေးတွေနဲ့ ကန့်သတ်ထိန်းချုပ်ပီး stress ယူနေကြသလို၊ ရုပ်ခန္ဓာ stress တွေကြောင့်လည်း ၊သင့်ခန္ဓာကိုယ်က တက်စတို စတီရုန်းထွက်ရှိမှုဟာ ဟိုးအောက်အထိ ရောက်သွားပါလိမ့်မယ်။ကျန်းမာလို့ သန်စွမ်းကြပါစေဗျာ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#Testosterone#Hormone#obesity#cortisol#stress#BalanceDiet#Alcohol#Carbohydrate#SaturatedFat#UnsaturatedFat#Protein

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta