ဆီးချိုရဲ့ ရှေ့ပြေးဝိသေသများနဲ့ lifestyle - MFTA

ဆီးချိုရဲ့ ရှေ့ပြေးဝိသေသများနဲ့ lifestyle

ယနေ့ ခေတ် လူနေထိုင်မှု ဘဝ ပုံစံ Life style ကကျန်းမာရေးအပေါ် သက်ရောက်နိုင်စွမ်းက ရာနှုန်းပြည့်ပါပဲ။ ကျွန်တော်တွေ သတိမထားမိခင်မှာပဲ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ရောဂါဆိုးတွေက နေရာယူထားပီးသား ဖြစ်နေတတ်တယ်။

ဒီတော့ မိတ်ဆွေဟာ ယခုတင်ပြမဲ့ အချက်တွေ ထဲက တခု သို့ မဟုတ် ၎င်းထက်ပိုပီး ကြုံနေရပီဆိုရင်၊ မှတ်လိုက်ပါ သင့်ကျန်းမာရေးအတွက် မဖြစ်မနေ အပြောင်းအလဲ ပြုလုပ်ရမယ်လို့ မီးမောင်း ထိုးပြလိုက်တာပါပဲ။

ဝမ်းဗိုက်အဆီစုလာခြင်း

အမျိုးသား ခါးပါတ်လည် ၄၀ လက်မနှင့် အထက်၊ လို့ စံနှုန်းတွေရှိပေမဲ့ ကျွန်တော်တို့ တောင်အာရှ သားတွေအတွက်ဆိုရင် အမျိုးသား ခါးပါတ်လည် ၃၅ လက်မ၊ အမျိုးသမီး ခါးပါတ်လည် ၃၁ လက်မကျော်လာရင် ပြသနာရှိနေပါပီ။

အစာစားပီး ခဏနေရင်လည်း ပြန်စားချင်တာမျိုးဖြစ်နေရင်၊

အချို တွေပဲ စားချင်နေရင်၊

အသက်ငါးဆယ်ကျော်မှ ဖြစ်လေ့ဖြစ်ထရှိပေမဲ့ အချို့ လူငယ်အဝလွန်နေသူတွေမှာပါ တွေ့ ရတတ်တဲ့ skin tag လို့ ခေါ်တဲ့ အသားပို လေးတွေ တွေ့ ရပီဆိုရင်၊

ရေငတ်ခြင်းကို မကြာခဏ ခံစားရယင်၊

Dark skin patch လို့ ခေါ်တဲ့ ချိုင်းကြား လိုနေရာက အရေပြားမှာ အမည်းရောင် အကွက်ထနေပီဆိုရင် သတိထားပါတော့ သင်ဟာ Insulin resistance ဖြစ်နေပါပီ။

ဆီးချိုနဲ့ နောက်ဆက်တွဲတွေ သင့်ခန္ဓာကိုယ်ထဲ ဝင်ရောက် နေပီးသား သို့မဟုတ် ဝင်ရောက်တော့မဲ့ အနေအထားပါ။

ဒါပေမဲ့ Lifestyle ပြောင်းလဲလျင် အချိန်မှီပါ တယ်။ သင့်နဲ့ သင့်မိသားစုတွေ lifestyle change နိုင်ဖို့ ကျွန်တော့် Team မှာ Trainer များက In person training, group training နဲ့ Online coaching service တွေပေးနေပါတယ်။

လိုအပ်သူများ cb ကြွခဲ့ပါ။သင့်လျော်သော နည်းပြဖြင့် ကျွန်တော့်ဖက်က ဘာအကျိုးအမြတ် မှမယူဘဲချိတ်ဆက်ပေးပါ့မယ်။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ် မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်- နိုင်ဦး-၁၁၉

#naing_oo_119#NaingOo119

#muscle_professor

#MFTA#GuruNaing

#Myanmar_Fitness_Trainer_Academy

#FitMyanmarProject#YourCoach

#MakeMyanmarFit#MyanmarFitnessPioneer

#Diabetes#InsulinResistance#BalanceNutrition#LifeStyle

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta