ခါးဘေးအဆီ၊ ဗိုက်ခေါက် နဲ့ နောက်ကျောကအဆီတွေကို ဘယ်လို လျော့ချမလဲ??? - MFTA

ခါးဘေးအဆီ၊ ဗိုက်ခေါက် နဲ့ နောက်ကျောကအဆီတွေကို ဘယ်လို လျော့ချမလဲ???

ဝိတ်ချတဲ့ သူအတော်များများ တကယ်ကြိုးစားရင် တကယ်ဝိတ်ကျတာက သတင်းကောင်းပါ။ ဒါပေမဲ့ နှစ်ပေါင်းများစွာ လူတယောက်ရဲ့ ခန္ဓာကိုယ်ထဲ နေရာယူလာခဲ့တဲ့ stubborn fat တွေဟာ ဗိုက်ခေါက်၊ ခါးဘေးlove handle ၊ Bra flab နဲ့ ပေါင်သားတွေမှာ အခေါက်လိုက် ထူထဲစွာ ကျန်နေခဲ့ပါတယ်။

နည်းပြတွေ အနေနဲ့ ကလည်း တနေရာထဲကွက် အဆီချခြင်း Spot Reduction ဆိုတာ မဖြစ်နိုင်လို့ ခံယူတဲ့အတွက်၊ အဆီချ Clients တွေရဲ့ ကျစ်လစ်လှပတဲ့ အိပ်မက်ဟာ ရွှေပြည်တော် မျှော်တိုင်း ဝေးခဲ့ရပီပေါ့။

Stubborn fat နဲ့ Spot Reduction အကြောင်းကို ဆောင်းပါးအရှည်အဖြစ်ရေးပေးပါ့မယ်။

ဒီဆောင်းပါးမှာတော့ Stubborn Fat ချလိုသူတို့ ကျူးလွန်တတ်တဲ့အမှား ၏ အချို့ ကို ထောက်ပြပေးပါ့မယ်။ ယေဘူယျ အဆီချသူတွေ အနေနဲ့ လေ့ကျင့်ခန်း ပိုလုပ်ပီး အစားလျော့စားခြင်းနည်းလမ်းနဲ့ ဝိတ်ချကြပါတယ်။

Body Fat @ Body weight

လျော့ချရေးအတွက်တော့ အကောင်းဆုံးနည်းလမိး ကောင်းတွေပါ။ ဒါပေမဲ့

– တသမတ်ထဲ Dieting လုပ်ခြင်ကို ရပ်တံ့ပစ်ရပါမယ်။ အဲ့ဒီအစား

-Diet ကို Cycle လုပ်ရပါမယ်။

-Stubborn fat များနေတဲ့နေရာကို Target ထားပီး လေ့ကျင့်ခန်း တွေ ရွေးချယ် ပြုလုပ်ရပါမယ်။

နောက်ထပ်ဘာတွေလုပ်ရဦးမလဲဆိုရင် လုံလောက်တဲ့ Training intensity နဲ့ volume တိုးပီးလေ့ကျင့်ရပါမယ်။

Hypertrophy နဲ့ Strength ရောသမမွှေ လေ့ကျင့်ပေးပီး၊ တကျော့နဲ့ တကျော့ကြားနားချိန် လျော့ချပေးရပါမယ်။

processed food တွေကို လျော့ချ ရှောင်ကြဉ်ရပါမယ်။

Insulin sensitivity တိုးစေသော vinegar ကိုကစီတိုးစားချိန်တွင် ရောစားပါ။

အရည်အသွေးမြင့် အသားများ၊ ငါးများ ကိုတိုးတိုးစားပါ။ အိပ်ရေးဝဝ အိပ်ပါ။ စိတ်ဖိစီးမှုလျော့ချပါ။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

post တွင်ပါသော ကျွန်တော့ပုံသည် fat% 7 လောက်ပဲကျန်တော့သော်လည်း အချိန်ကာလကြာရှည်စွာ အဆီအချို့ နေရာယူခဲ့သော Love handle and lower abs တွင် အရေပြားအနည်းငယ် တွဲနေသည်ကို မြင်နိုင်ပါသည်။

အဝလွန်နေသူများဆိုလျင်တော့ တွေးကြည့်နိုင်ပါသည်။ သင့် Body Change ဖို့ အတွက် ဝန်ဆောင်မှု ပေးရန် ကျွန်တော့် Team မှ အသင့်ရှိနေပါသည်။

Program ဝယ်ယူလိုပါကလည်း ရောင်းချပေးပါသည်။

လေးစားချစ်ခင်လျက် – နိုင်ဦး-၁၁၉

#naing_oo_119

#muscle_professor

#MFTA

#Myanmar_Fitness_Trainer_Academy

#FitMyanmarProject

#MakeMyanmarFit#GuruNaing

#MyanmarFitnessGuru#BodyTransformation

#FitBody#LeanMuscle#FatLoss#WeightLoss

#OnlineProgramSelling#OnlineCoach

#YourCoach#BraFlab#BackFat#LoveHandle

#InsulinSensitivity

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta