ကျွန်တော်Gym စကစားခဲ့ချိန် ဒါတွေသိခဲ့ရင် - MFTA

ကျွန်တော်Gym စကစားခဲ့ချိန် ဒါတွေသိခဲ့ရင်

၂၀၀၀ခုနှစ်ဝန်းကျင်ကစပီး၊ Gym လောကထဲယနေ့ အချိန်အထိ လေ့လာစရာတွေ ကျနိနေသေးတယ်ဆိုပေမဲ့၊ ကျွန်တော်တို့ရဲ့ အမှားတွေ အတွေ့အကြုံတွေကနေပီး ထုတ်နှုတ်ယူရမဲ့ သင်ခန်းစာတွေကတော့ သိပ်မများပါဘူး။အဲ့ဒါတွေကတော့၊

ကျွန်တော်တို့ ကြားဖူးနေကျ စကားတစ်ခုဖြစ်တဲ့ ကြွက်သားကို confuse ဖြစ်အောင် Training မှာ၊ အပြောင်းအလဲတွေ အများကြီးလုပ်ရမယ်ဆိုတဲ့ အယူအဆကို ကျွန်တော်ကတော့လက်ခံတော့ပါဘူး။ ဒီနေရာမှာ၊ gym စကစားကတည်းက အိုလံပီယာချန်ပီယံဆု ၈-ကြိမ်ရပီးတဲ့အထိ ကာလ ၂၆ နှစ်အတွင်းမှာ လေ့ကျင့်ရေးပရိုဂရမ်တစ်ခုထကိုပဲ စွဲစွဲမြဲမြဲ ကျော ရိုးထားပီးလိုအပ်ချက်တွေကိုအနည်းငယ်သာ မွမ်းမံလေ့ကျင့်ခဲ့တဲ့ ရွန်နီကိုလ်းမင်းရဲ့ အယူအဆလေးကို လက်ခံမိပါတယ်။ ဒါပေမဲ့ မိတ်ဆွေအနေနဲ့ လေ့ကျင့်ရေးပရိုဂရမ်ကို ၂-လတစ်ခါ ပြောင်းလဲသင့်တယ်လို့ အကြံပြုထားတဲ့ ဂျေးကတ်လာရဲ့ အယူအဆကိုလက်ခံချင်လည်း မိတ်ဆွေလွတ်လပ်ခွင့်ပါ။ဒါမှမဟုတ် ကစားချိန် တစ်ချိန်နဲ့တစ်ချိန် လေ့ကျင့်ခန်းတွေ အကြိမ်တွေ အကျော့တွေ အပြောင်းအလဲလုပ်ချင်လဲ မိတ်ဆွေ သဘောပါ။

လူ့ ဘဝက amazing ပါ။ ဘယ်နေရာမှ အစွန်းမရောက်ပါနဲ့ ။ ဘယ်အာဟာရမဆို limit နဲ့ စားနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် အကျဉ်းမချထားပါနဲ့ ။

မှန်ကန်တဲ့ အာဟာရနဲ့ ကောင်းမွန်တဲ့ အနားယူမှုမပါရင် Supplements တွေဟာ အလကားပါ။ဒါကြောင့် ကျွန်တော့် MFTA သင်တန်းရဲ့ အာဟာရTopic မှာ supplement အကြောင်းမထည့်ထားတာပါ။ စနစ်တကျ အသုံးပြုနိုင်ရင်တော့ ရှယ်ပေါ့ဗျာ။

ဗယ်လီရီုက်နေရုံနဲ့ တော့ ဗယ်လီတွေ ပြူးပြဲထွက်မလာနိုင်ပေမဲ့၊ ဝမ်းဗိုက်ကြွက်သားတွေကိုထိထိမိမိတော့ လေ့ကျင့်ရပါမယ်။

Media ပေါ်ကFitness models တွေက Natural ကစားသမားတွေမဟုတ်ပါဘူး။သူတို့ ကို ကြည့်ပီး လက်တွေ့ မဆန်တဲ့ Body Goal တွေနဲ့ ကိုယ့်ကိုကိုယ် မညှင်းဆဲပါနဲ့ ။ဒါဆိုရင် ကျွန်တော့်ရဲ့ ညီတော်/ နောင်တော်တွေအနေနဲ့ မိမိအတွေ့ အကြုံကို အခြေခံပီးလူငယ်တွေကို ပေးချင်တဲ့ မက်ဆေ့လေးတွေကိုComment မှာမျှဝေပေးခဲ့ပါဦး။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#Supplements#GymTips#GymAdvice#WorkoutTips#FatLoss#WeightLoss#MuscleGain#WeightGain#GuruNaing#YourCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta