ကျွန်တော်မပြောလည်း ခင်ဗျားတို့သိပြီးသားပါ အဲ့တာက လူ့ခန္ဓာကိုယ်က အပျက်ဘက်ကို ဦးတည်သွားတာ - MFTA

ကျွန်တော်မပြောလည်း ခင်ဗျားတို့သိပြီးသားပါ အဲ့တာက လူ့ခန္ဓာကိုယ်က အပျက်ဘက်ကို ဦးတည်သွားတာ

ကျွန်တော်မပြောလည်း ခင်ဗျားတို့သိပြီးသားပါ အဲ့တာက လူ့ခန္ဓာကိုယ်က အပျက်ဘက်ကို ဦးတည်သွားတာ….

တဖြည်းဖြည်းယိုယွင်းခြင်းဖြစ်စဥ်ကိုသွားတာ..

ကြွက်သားတွေ ဆုံးရှုံးတယ်..

အရိုးတွေပွတယ်…

အရွတ်တွေ ကျပ်ညပ် ခြေက်ကပ်လာတယ်..

အဆစ်တွေကောင်းကောင်းမလှုပ်၊ဖြစ်လာတယ်…

ကြီးထွားဖွံ့ဖြိုးခြင်း Anabolic အခြေအနေတွေနဲ့ ပျက်စီးယိုယွင်းခြင်း

Catabolic အခြေအနေတွေကြားမှာ Peak အဖြစ်ဆုံး အရွယ် အပိုင်းအခြားတစ်ခုရှိခဲ့ပါတယ်။

အဲ့ဒီမှာကတည်းက #တာရှည်အသုံးခံကြွက်သား#ဘယ်တော့မှအဝမလွန် လေ့ကျင့်ခန်း ၊ သက်လုံ နဲ့

#Performance တွေသာ မတည်ဆောက်ခဲ့ရင် You are defeated ပါပဲ။

ဘာလို့လဲဆိုရင် လူတွေက ကြွက်တွေလိုပဲ။

အုပ်စုများလာလေလေ ရောဂါထူလေ၊ ပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေသလို၊ အချင်းချင်းလည်း သက်တမ်းတို

စေတယ်၊

ပေါက်ကွဲလာတဲ့လူဦးရေကို Auto Correlation ပြန်လုပ်လာတဲ့အနေနဲ့…

Life style ထဲကို ဆေးလိပ် အလွယ်တကူ ဝင်လာတယ်၊ အရက်အလွယ်တကူ ဝင်လာတယ် ၊ ဆေးတလွဲအသုံးပြုမှုတွေ ၊

အစားအသောက်နဲ့ အဆင်းဘီးတပ် ခြင်းတွေ…..

စသဖြင့် စသဖြင့်…ဒါတွေက ခင်ဗျားအတွက် Behavior တစ်ခု ကို တမင်အားစိုက် တည်ဆောက်ယူစရာမလိုပဲ…

Passively ကို အလိုလျောက်နေရာယူလာနေတာ…

ကိုယ်တိုင်အားထုတ်ပြင်ယူရမယ့် ကောင်းတဲ့အလေ့အထတွေက ခက်ပါတယ်…

ဒီအတိုင်းဆို ကမ္ဘာ့ Algorithm ကြီးထဲက ကြွက်တစ်ကောင်ကို Diet လုပ်ခိုင်းဖို့ ပိုခက်တယ်..

လေ့ကျင့်ခန်းလုပ်ခိုင်းဖို့ ပိုခက်တယ်…

Active Behavior ပြောင်းရတာပိုခက်တယ်….

အလေးမခိုင်းရတာပိုခက်တယ်…

#SirWaiYanPhyo

#MFTA#FitnessEducator

#HPS#HumanPerformanceSpecialist

#PPSC#PainFree#PerformanceSpecialist

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta