ကိုယ်တွင်းအဆီပမာဏကို တိုင်းဖို့ အရေးကြီးသလား? - MFTA

ကိုယ်တွင်းအဆီပမာဏကို တိုင်းဖို့ အရေးကြီးသလား?

အဆီချချင်လို့ ပါဆရာရယ် Training + Diet Package လေးဝယ်ချင်လို့ ပါဆိုပီး ဆက်သွယ်လာသူတိုင်းကို ပထမဆုံးအနေနဲ့ ကျွန်တော်လုပ်ခိုင်းတာက Fat% သွားတိုင်းဖို့ ပါပဲ။ ဒီတော့ကျွန်တော့် Clients တွေအနေနဲ့ ဘာကြောင့်လဲဆိုတာလေး သိချင်နေမှာသေချာသလို၊ အဆီချလိုသူတွေအနေနဲ့ လည်း Body Fat % ကိုသိထားသင့်ကြောင်းကို ရှင်းပြပါ့မယ်။

Weight Loss ကိုယ်အလေးချိန် လျော့ချတာနဲ့ Fat Loss အဆီလျော့ချတာက မတူပါဘူးခင်ဗျာ။ မည်သို့ ပဲ လျော့ချသည်ဖြစ်စေ ပေါင်ချိန်စက်ပေါ်က ကိန်းဂဏာန်းတွေ ကျလာပီဆိုရင်ယေဘူယျ အနေနဲ့ ကျသွားတဲ့ ဝိတ်ရဲ့ ၇၀% ဟာအဆီတွေ ဖြစ်ပီး ၃၀% လောက်က ကြွက်သားတွေ ဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာကြွက်သားမျှင်တွေ လောင်ကျွမ်းမှု လျော့ချနိုင်ဖို့ ဆိုရင်၊ အလေး တွေနဲ့ လေ့ကျင့်ခန်း လုပ်ဖို့ လိုအပ်သလို၊ အသား ဓါတ်တိုးစားဖို့ လိုအပ်ပါတယ်။

အကယ်၍သာ Body fat % ကိုတိုင်းထားမယ်ဆိုရင်၊ အဆီချ phase တစ်ခုပီးတိုင်းမှာ၊ ကိုယ့်အနေနဲ့ ကျသွားတဲ့ ဝိတ်မှာ Lean mass လားFat လား၊ ပမာဏ ဘယ်လောက်တွေ တက်/ကျသွားသလဲဆိုတာရယ်၊အပေါ်မူတည်ပီး nutrition and training Protocol တွေကိုချိန်ညှိနိုင်မှာ ဖြစ်ပါတယ်။

သာမန်ကိုယ်အလေးချိန်ပဲ မှတ်ထားတယ်ဆိုရင် အဆီချရာမှာ စိတ်ရှုပ်ရပါလိမ့်မယ်။ ဘာလို့ လဲဆိုတော့၊ လူတယောက်ရဲ့ အအိပ်၊စိတ်ဖိစီးမှု၊ သောက်ထားတဲ့ရေ၊ အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်း စတဲ့အချက်တွေက ပေါင်ချိန်စက်ပေါ်က ကိနိး ဂဏာန်းတွေအပေါ် သက်ရောက်မှုများပါတယ်။ Fat% သိထားမှ၊ မိမိကိုယ်တိုင်အတွက်ဖြစ်စေ၊ ကိုယ့် Client အတွက်ဖြစ်စေ၊ Body Composition တိုးတက်ပြောင်းလဲမှု ကိုကြည့်ပီး၊ ရေရှည်မှာ စွဲမြဲစွာ ကြိုးစားနိုင်မှာဖြစ်ပါတယ်။ ဒါဆို ဝိတ်မကျလည်း၊အဆီကျပီး Lean mass တက်လာလို့ ဆိုတဲ့ သဘောကို ဝေဒနာနဲ့ မဟုတ်ဘဲ ဒေတာနဲ့ တိတိကျကျ သိနိုင်ဖို့ အတွက် Body fat% တိုင်းထားဖို့ လိုပါကြောင်း။

Copy ယူမည့်သူများ ဖြတ်ညှပ်ကပ်မလုပ်ဘဲ အပြည့်အဝ credit ပေးပါရန်

လေးစားချစ်ခင်လျက်-နိုင်ဦး-၁၁၉

#naing_oo_119#muscle_professor#MFTA#Myanmar_Fitness_Trainer_Academy#FitMyanmarProject#MakeMyanmarFit#BodyFatPercent#BodyFatReduction#FatLossTips#WeightLossTricks#CaloriesReduction#LeanMass#BodyComposition#BodyTypeNutrition#CoachNaing#GuruNaing#MyanmarFitnessPioneer#OnlineCoach

Copyright © 2024 Myanmar Fitness Trainer Academy. All rights reserved. Developed by The Hosta